Impression နဲ့ Reach ကြား ဘယ်လိုခြားနားပါသလဲ?

Impression နဲ့ Reach ကြား ဘယ်လိုခြားနားပါသလဲ?

တွေ့ဖူးသမျှ Client တွေကြား အမေးအများဆုံးဖြစ်သလို မေးပြီးရင်လည်း ထပ်ထပ်မေးနေကြတဲ့ မေးခွန်းလေးတစ်ခုပါ။
Client တွေဆိုတာထားဦး….. ဒီ Field ထဲမှာ ကျင်လည်နေကြတဲ့ တစ်ချို့ Old Service တွေတောင် ရောချင်ချင်ရယ်……

သူငယ်ချင်းတစ်ယောက်ကိုဆို အခုထိ ပြန်ပြန်ရှင်းပြနေရတုန်း….. ကိုယ်ပဲရှင်းမပြတက်တာလား….. သူတို့မေးတဲ့မေးခွန်းရဲ့အဖြေကပဲ မှတ်ဖို့ခက်တာလား……. သူတို့ကပဲ မေးပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ကြတာလား….. ဘာကြောင့်လဲတော့မသိပေမယ့် ခဏ ခဏတော့ မေးကြပါတယ်။

ကဲ… ဒါထားပါလေ….. မူရင်းလမ်းကြောင်းကို ပြန်သွားပါမယ်…..
Impression ဆိုတာကတော့ ကြော်ငြာတစ်ခုကို User (သို့မဟုတ်) Device အရေအတွက် ဘယ်လောက်ကိုဖြစ်စေ ပြပြီးခဲ့တဲ့ စုစုပေါင်းအကြိမ်အရေအတွက်ပါ။ User တစ်ယောက်တည်းကိုပဲ အဆိုပါကြော်ငြာကို ပြပြီးပြီး မပြီးပြီး တစ်ကြိမ်ထက်ပိုပြနိုင်ပြီး ကြော်ငြာကို တစ်ကြိမ်ပြရင် Impression တစ်ကြိမ်၊ နှစ်ကြိမ်ပြရင် Impression နှစ်ကြိမ် စသည်ဖြင့် ရေတွက်ပါတယ်။ Reach ကတော့ အဆိုပါကြော်ငြာကို တွေ့မြင်ခဲ့တဲ့ လူ (သို့မဟုတ်) Device အရေအတွက်ကို မှတ်ယူပါတယ်။ ဆိုလိုတာကတော့ ကြော်ငြာကို လူတစ်ယောက်တည်းသို့ အကြိမ်များစွာ ပြပေးခဲ့တယ်ဆိုပါက ပြခဲ့သမျှအကြိမ်အရေအတွက်တိုင်းကို Impression အရေအတွက်အဖြစ် မှတ်ယူပါတယ်။ အဆိုပါ ကြော်ငြာကို တွေ့မြင်ခဲ့တဲ့ လူ (သို့) Device အရေအတွက်ကတော့ Reach အရေအတွက်ဖြစ်ပါတယ်။
ဥပမာ လူတစ်ယောက်ဟာ ကြော်ငြာတစ်ခုကို သူ့ရဲ့မိုဘိုင်းဖုန်းကနေ (၅) ကြိမ်မြင်တွေ့ခဲ့တယ်ဆိုပါက Impression အရေအတွက်အားဖြင့် (၅) ကြိမ်ဖြစ်ပြီး Reach အရေအတွက် အားဖြင့် (၁) ကြိမ်ဖြစ်ပါတယ်။

ဒါဆိုရင်တော့ သိချင်တဲ့မေးခွန်းအတွက် ကိုက်ညီတဲ့ အဖြေတစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် သိလိုတဲ့ မေးခွန်းလေးတွေကိုလည်း Comment Section မှာ မေးမြန်းနိုင်ပါတယ်။

Staff Writter

One Comment

  • Cherry Htun says:

    Hi I am a marketing consultant in Myanmar, my clients are local small businesses. I want to do MyOpenAds. Can you inform me:

    1. Can you do mobile full screen ad (add that expands to cover full mobile screen)? If yes, can you do animation on the this mobile full screen ad?
    2. Where will my ads show? Can I target for ads to show in local Myanmar website only?

Leave a Reply

Your email address will not be published.