Top websites in Myanmar, Nov 2014

Top websites in Myanmar, Nov 2014

Posted by

ကျွန်တော်တို့ ဆိုဒ်အသစ်ရဲ့ ပထမဆုံး ဘလော့ခ်ပို့စ်ကိုတော့ မြန်မာပြည်မှာရှိတဲ့ website တွေရဲ့ လက်ရှိအနေအထားကို ပြုစုထားတဲ့ အချက်အလက်လေးတွဲနဲ့ စပါမယ်။

အောက်မှာ မြင်နေရတဲ့ ဇယားကတော့ မြန်မာနိုင်ငံမှာ လူသိများထင်ပေါ်တဲ့ ဆိုဒ်တွေကို Alexa Ranking နဲ့ Facebook Fan အရေအတွက်တွေကို ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ရှိတဲ့အတိုင်းမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

သတင်းဘလော့်ခ်ဖြစ်တဲ့ သစ်ထူးလွင်က ပထမလူကြည့်အများဆုံးအဖြစ်ရပ်တည်နေပြီး၊ ဒုတိယအဖြစ် အခုနောက်ပိုင်း ဖေ့ဘွတ်မှာ လူကြိုက်များနေတဲ့ 7Day ရဲ့ 7DayDaily ဆိုဒ်ဖြစ်ပါတယ်။ ဧရာဝတီက တတိရနေရာကို မှန်းထားပေးပေမယ့်လည်း ဒီအဆင့်သတ်မှတ်ချက်မှာ ဧရာဝတီရဲ့ မြန်မာ၊ အင်္ဂလိပ်နှင့် ဘလော့ခ်ဆိုဒ်များ အားလုံး ပါဝင်နေပါတယ်။ အကြောင်းရင်းကတော့ Alexa က rank ပေးတဲ့အခါ subdomain တွေကိုသီးခြား rank ပေးလေ့မရှိဘဲ ပင်မ domain တစ်ခုကိုသာ ပေးတာကြောင့်ဖြစ်ပါတယ်။

အမှန်တော့ website ၁၀ လောက်သာ စိတ်ကူးပေမယ့် စိတ်ဝင်စားသူများလည်း အလွယ်တကူကြည့်လို့ရအောင် အခြားဆိုဒ်တွေလည်း ထည့်ပေးထားပါတယ်။ ဇယားကို ကြည့်မယ်ဆိုရင် ထိပ်တန်းဆိုဒ်တွေဟာ သတင်းဆိုဒ်တွေဖြစ်ပြီး၊ ဝယ်ရောင်းလုပ်လို့ရတဲ့ classifieds ဆိုဒ်တွေကတော့ ဒုတိယ အများဆုံး အုပ်စုဖြစ်ပြီး၊ ထူးထူးခြားခြားအနေနဲ့ eCommerce ဆိုဒ်ဖြစ်တဲ့ Kaymu.com.mm ပါဝင်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် eCommerce ကိုလူတွေ အရင်ကထက်အများကြီး စိတ်ဝင်စားလာပြီးလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။

website ပိုင်ရှင်များ ဒီစာရင်းမှာ မိမိတို့ဆိုဒ်က ပါနိုင်မယ်ထင်ရင် Alexa မှာ စစ်ပြီး မြန်မာနိုင်ငံ ranking (MM) မှာ ၂၀၀ အောက် ရရှိလျှင် ကျွန်တော်တို့ကို အကြောင်းကြားပေးပါ။

MyOpenAds အနေနဲ့ကတော့ လက်ရှိမှာ ဇယားထားတွင်ပါဝင်တဲ့ ထိပ်တန်း website ၇ ခုခန့်ဖြင့် လက်တွဲပြီး ကြော်ငြာများ ထည့်သွင်းပေးထားပါတယ်။

WebsiteAlexa Ranking
(Lower is better)
Ranking in Myanmar
(Lower is better)
Facebook Fan Page
(Higher is better)
Category
ThitHtooLwin.com139007701059General News
7DayDaily.com25205101661523General News
Irrawaddy.org (*)224511103550General News
PhoThuTaw.com4413118672162General News
MyanmarMobileApp.com14441178254974IT News
News-Eleven.com75182791437223General News
MizzimaBurmese.com7174095169025General News
House.com.mm13108980740661Classifieds
Work.com.mm13023686120771Classifieds
Motors.com.mm116316102863886Classifieds
MyanmarCarsDB.com199124113120318Classifieds
Kaymu.com.mm2306641252191085eCommerce
KamayutMedia.com138486167623917General News
TheVoiceMyanmar.com299294194236035General News
PopularMyanmar.com306320 269107General News

admin

3 Comments

  • Ar Kar says:

    ဆော့ဝဲလ်လမ်းညွန်မှာ မြန်မာကြော်ညာလေးကိုထည့်သွင်းချင်လို့ လာလျှောက်တာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

  • ဒီဇိုင်နာလေးဘလော့မှာ မြန်မာကြော်ငြာလေးထည့်ချင်လို့ပါ

Leave a Reply

Your email address will not be published.